အမုန်းသံစဉ်

| Thursday, September 19, 2013 | 0 comments |











ငြင်းပယ်ခြင်းတွေသာ
လုံလောက်စွာ ရရှိခဲ့တဲ့ နှလုံးသားတစ်ခု
ကျရှူံးခြင်းတွေ
မင်းမူနေတဲ့
ဘ၀ရဲ့ ဥတုရာသီ
မညီညာသော လမ်းမထက်မှာ
သောက တစ်ဝက်နဲ့
မျှော်လင့်ချက်နဲ့....

ညီမလေးရေ
ဒီအလွမ်းဇာတ်မှာ
မင်းရက်စက်ခဲ့တာ မဟုတ်ပါဘူးကွာ
ငါကိုယ်တိုင်က
ရက်စက်ခံခဲ့တာပါ ...

အဖြူရောင်တွေနဲ့လည်း
ရစ်ထွေးနှစ်သိမ့်မနေပါနဲ့တော့..
တစ်ကို မရမှတော့
နှစ်နဲ့ သုံးလည်း မလိုချင်တော့ပါဘူး
ငါ
တစ်ဘ၀လုံးပဲ
ရှူံး လိုက် ပါ ရ စေ..........